💲 ငွေဝင် ငွေမြဲစေသော ယတြာ💲
✡️✡️✡️✡️✡️✡️✡️✡️✡️✡️✡️✡️✡️✡️✡️✡️
ယတြာအထူးပြုလုပ်ချက်များ
💰လာဘ်ပိတ်နေတာလား၊ ဈေးရောင်းပါးနေတာလား၊ လက်လွန်ထားသောငွေများပြန်မရတာလား၊ ဈေးရောင်းကောင်းပြီး ငွေမစုမိတာလား၊ အကြွေးများတင်နေတာလား လူတိုင်းဈေးရောင်းကောင်းပြီး အကြွေးကင်းရှင်းရန် ဘာနေ့သားသမီးဘဲဖြစ်ဖြစ် ဤယတြာကို တစ်ပတ်တစ်ခါပြုလုပ်ပေးပါ။
တစ်ကြိမ်လုပ်လျှင် တစ်ကြိမ်အကျိုးထူးရပါမည်။ ခုနှစ်ကြိမ်တိတိ မပျက်မကွက်တိတိကျကျ လုပ်လျှင် ထူးခြားစွာပြောင်းလဲတိုးတက်မည်။
🌒🌒🌒🌒🌒🌒🌒🌒🌒🌒🌒🌒
ယတြာအတွက်လိုအပ်သောပစ္စည်းများ-🕎
၁-ငွေဖလားတစ်လုံး
၂-မြန်မာ အကြွေစေ့တစ်စေ့
၃-အဖြူ ရောင် ဖယောင်တိုင် တစ်တိုင်
၎-ဆန်သုံးဆုပ်
၅-ရေခဲရေ
ထို ၅မျိုးနဲ့ ယတြာလုပ်လို့ရပါပြီ။
💍💍💍💍💍💍💍💍💍💍💍💍
🌞ယတြာနည်း🌞
ငွေဖလားထဲမှာ အကြွေစေ့ တစ်စေ့ထည့်ပါ၊ အကြွေစေ့ပေါ် ဖယောင်းတိုင်အဖြူရောင်ထွန်းပါ။ဆန် ၃ဆုပ် အသက်အောင့်၍ထဲ့ပါ၊ ရေခဲရေ အပြည့်ထဲ့ပါ၊ (တနင်္လာနေ့ နံနက် ၇းဝဝ ထွန်းပါ)
လာဘ်ပွင့် ကံပွင့်ရန် ငွေကြေးလာဘ်လာဘများဝင်လာဖို့ ဝင်လာသော လာဘ်လာဘများလည်းမြဲစေဖို့ဆုတောင်းပါ။
ဖယောင်းတိုင်အပူမီးသည် ရေခဲရေနဲ့တွေ့တော့ အပူအားလုံးအေးငြိမ်းသွားပါမည်။ ဤတွင်ယတြာပြီးဆုံးပါပြီ။
ရေထဲတွင်ဖယောင်းတိုင်အတိုရှိသည် မထွန်းတော့ပါ။ ဆန်၊ ရေ၊ ဖယောင်းအတို တို့ကို ရေချောင်း၊ ရေအိုင်တို့မှာ စွန့်ပြစ်ပါ။ အကြွေစေ့ကို ပိုက်ဆံအိတ်ထဲ ထဲ့ဆောင်ပါ။ ငွေဖလားကို သန့်ရှင်းသောနေရာမှာထားပါ။
ထိုယတြာကို တနင်္လာနေ့တိုင်းထွန်းပါ။ ခုနှစ်ပါတ်ပြည့်အောင်ထွန်းပါ။
ငွေဖလား အဟောင်းနှင့် အကြွေစေ့အဟောင်းကိုသာ ပြန်သုံးပါ။ ခုနှစ်ပါတ်ပြည့်လျှင် ထိုအကြွေစေ့ အစွမ်းပြလာမည်.....................🕉
🕉💍💍💍💍💍💍💍💍💍💍💍💍
ဆရာအောင်မင်းခန့်
၀၉ ၂၅၇၀၈၈၄၉၇
ခုနစ်နေ့နံသား သမီးများစိတ်ချမ်းသာ၊ကိုယ့်ကျမ်းမာ၍လိုအင်ဆန္ဒပြည့်စုံပါစေ။
Credit
No comments:
Post a Comment